ရန်ကုန်ဆင်ခြေဖုံးမြို့နယ်များရှိ စည်ပင်ပိုင်မြေများကို ငှားရမ်းမည်ဟုဆို

ရန်ကုန်ဆင်ခြေဖုံးမြို့နယ်များရှိ စည်ပင်ပိုင်မြေများကို ငှားရမ်းမည်ဟုဆို

ရန်ကုန်ဆင်ခြေဖုံးမြို့ နယ်များတွင် တစ်စတုရန်းမီတာ လျှင်အနည်းဆုံးဈေး ကန်ငါးဒေါ် လာ၊ တစ်ဧကကျပ် ၆၇၀,၀၀၀ သတ်မှတ်ထားပြီး ရင်းနှီးမြှုပ်နှံသူ များကို မြေရှာပေးမည်ဟုရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ တွဲဖက်အတွင်းရေး မှူး ဦးသန်းကပြောသည်။

ရင်းနှီးမြှုပ်နှံလိုသူများသည် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ စီမံခန့်ခွဲမှုမြေပေါ် တွင် ရင်းနှီမြှုပ်နှံလိုပါက အကျိုး တူလုပ်ကိုင်နိုင်သလို အထက်ပါ ဈေးဖြင့်ငှားရမ်းနိုင်ကြောင်း ၎င်း က ပြောသည်။

‘‘ဒီဟာက ဈေးနှုန်းမကြီးပါ ဘူး။ ဒီအာဆီယံ၊ အာရှနိုင်ငံတွေ မှာ အထူးသဖြင့် တရုတ်တို့၊ ဂျပန်တို့၊ ကိုရီးယားတို့မှာ ဈေး နှုန်းတွေက ဒီထက်များပါတယ်။ အာဆီယံနိုင်ငံ ဒီနားလေးကထိုင်း တို့၊ ကမ္ဘောဒီးယားတို့၊ လာအိုတို့ ဆိုရင်လည်းပဲ အခုဒီသတ်မှတ် လိုက်တဲ့နှုန်းထက် သိပ်မကွာပါ ဘူး’’ ဟု ဦးသန်းက ပြောကြားသည်။

ဆင်ခြေဖုံး မြို့နယ်များသည် ဒလ၊ ဆိပ်ကြီးခနောင်တို၊ လှိုင် သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ ဒဂုံမြို့သစ်လေးမြို့နယ်တို့ ဖြစ် ပြီး အနည်းဆုံးဈေးသည်တစ် စတုရန်းမီတာလျှင်ငါးဒေါ်လာနှင့် အမြင့်ဆုံးဈေး ၁၃ဒေါ်လာသတ် မှတ်ထားကြောင်းဦးသန်းကပြော သည်။

မြို့တွင်းဖြစ်သည့် ပန်းဘဲ တန်း၊ ကျောက်တံတား၊ လသာ၊ လမ်းမတော်၊ ဆိပ်ကမ်း၊ ဗိုလ်တ ထောင်၊ ပုဇွန်တောင်၊ ဒဂုံ၊ စမ်း ချောင်း၊ ဗဟန်း၊ မင်္ဂလာတောင် ညွှန့်၊ တာမွေ၊ ရန်ကင်း၊ ကမာ ရွတ်၊ လှိုင်နှင့် မရမ်းကုန်းမြို့နယ် တို့တွင် တစ်စတုရန်းမီတာလျှင် ငှားရမ်းခဒေါ်လာ ၄၀ (တစ်ဧက ကျပ် ၅၃သိန်းကျော်) သတ်မှတ် ထားကာထိုနေရာများ၌ လုပ် ငန်းလုပ်ရန်မြေ အလွန်နည်းသွား ပြီဖြစ်ကြောင်း ဦးသန်းကပြော သည်။

အဆိုပါမြေဈေးများသည် စည်ပင်သာယာရေး ကော်မတီ စီမံမှုအောက်တွင်သာရှိသည့် မြေ များဖြစ်ပြီး ပြင်ပ၌အဆိုပါနှုန်း ထက်ပိုမိုများကြောင်း ၎င်းက ပြောကြားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ စီမံမှုအောက်တွင် အရှေ့ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင်၌သုံးဧကအောက်မြေကွက် ၁၂၀ နှင့် သုံးဧကအထက် ၂၉ ကွက်ရှိကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင်တိုင်းအစိုးရ စီ မံမှုအောက်ရှိ စက်မှုဇုန် ၁၁ ခု တွင် မြေဧက ၁၁,၇၀၀ ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီက ထုတ်ပြန်ထား သည်။

ရင်းနှီးမြှုပ်နှံလိုသူများအနေ ဖြင့်မြေဝယ်ယူလိုပါက ရွှေပြည် သာမြို့နယ်ဝါးတစ်ရာတွင် တစ် ဧကလျှင် ကျပ်သိန်းတစ်ထောင် ပေါက်ဈေးရှိကြောင်း၊ မှော်ဘီ မြောင်းတကာတွင် တစ်ဧကလျှင် ကျပ်သိန်း ခုနစ်ရာပေါက်ဈေးရှိ ကြောင်း ရွှေလင်ဗန်းစက်မှုဇုန် ဥက္ကဋ္ဌ ဦးအေးသောင်းက ပြော သည်။

‘‘ဝယ်ချင်ရင်ဝယ်လို့ရတယ်။ ကျူးကျော်ပြဿနာတော့ ကိုယ့် ဘာသာရှင်းရမယ်’’ ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်းရှိမြေဈေးကြီး မြင့်မှုကို သင့်တင့်မျှတသည့် ဈေးနှုန်းဖြစ်အောင် ဆောင်ရွက် မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားထားသည်။

Credit: 7Daydaily